Monday 25 July 2011

မခေါ်ဘဲလာတဲ့ ဧည့်သည်


သောကရယ် - နင်ငါ့နားက ထွက်သွားလိုက်ပါတော့
နင်က ငါ့ရင်ကို လှိုက်စားနေပြီလေ. သွားတော့နော်.
ဘယ်တော့မှ ပြန်မလာနဲ့ တော့ ငါနင့်ကို မတွေ့ ချင်ဘူး.
အစ နင်ငါ့ဆီရောက်လာတုန်းက အတ္တနဲ့ အတူလာတော့
ငါသတိမထားမိလိုက်ဘူး. ခဏလောက်ကြာတော့ အတ္တက
ငါ့ဆီမှာ နင့်ကို တိတ်တဆိတ် ထားခဲ့ပြီး သွားလေရဲ့..
အခုတော့ ငါမခံစားနိုင်တော့ဘူး.. သွားတော့ကွာ…
သွားတော့ … အဝေးဆုံးတနေရာကို ထွက်သွားပါတော့