ငါမျိုးစေ့လေး တစ်စေ့ကို တယုတယ ပြုစုပျိုးထောင်လိုက်မိတယ်..
တဖြည်းဖြည်းရေလောင်းပေါင်းတင်ပေးရာကနေ မျိုးစေ့လေး အပင်ပေါက်လာခဲ့ပြီ...
အပင်လေးပေါက်လာမှ မစိုက်သင့်တဲ့ အပင်မှန်းသိလာတယ်.. ဒါပေမယ့် အပင်လေးက
အစွမ်းကုန် ဖူးပွင့်သီးဖို့  အားယူနေပြီ.. ပျိုးမိပြီဖြစ်တဲ့ အပင်လေးမို့  အသတ်ရက်ပါဘူး..
ဒါပေမယ့် ဆက်ပြီးတော့လဲ မစောင့်ကြည့်ရဲတော့ဘူး..
ခုတော့ အကိုင်းအခက်တွေ ပင်လုံးပြည့်နဲ့ သစ်ပင်ကြီးတစ်ပင် ဖြစ်နေတာကို တားဆီးလို့ မရတော့တာအမှန်ပါဘဲ..
တကယ်လို့ ငါ့သစ်ပင်ဟာ မင်းအတွက် အနှောက်အယှက် ဖြစ်မယ်ဆိုရင်တော့ အဆိပ်လောင်းပြီး သတ်လိုက်ပါ..
မင်းအတွက် ပျိုးမိတဲ့ သစ်ပင်မို့ မင်းအလိုအတိုင်း လုပ်ပါ.. ငါကျေနပ်စွာ ကြည့်နေမှာပါ..
မျိုးစေ့လေးတစ်စေ့ကို ပျိုးပြီးမှတော့ အကိုင်းအခက်လေးတွေဟာ ဝေဆာလာမှာကတော့ သဘာဝတရားကြီးရဲ့
အမှန်တရားတွေထဲက အမှန်တရားတစ်ခုဘဲလေ...
kk.. i will come to there. :) NoNO
ReplyDeleteနိုးနိုးရေ... လာဖတ်သွားတယ်နော်....နောက်တစ်ခါ အဲလိုအပင်တွေ မပျိုးနဲ့တော့နော် :(
ReplyDeletehe he.. hote..
ReplyDelete